Pages

Thursday, February 1, 2024

ယနေ. သေဆုံးမှု အခြေနေ

May be an image of text

မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
 
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

ယနေ. ၃ နှစ် အာဏာသိမ်း အထိန်းမှတ်

 May be an image of 8 people


 
စစ်တပ်အာဏာသိမ်းသည်ကိုဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အာဏာသိမ်း ၃ နှစ်ပြည့်သည့်ယနေ့တွင် အတိုက်အခံများက နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် စစ်ကောင်စီကိုထောက်ခံသူများနှင့် မဘသများက ရန်ကုန်မြို့လယ်တွင် အစဉ်အလာမပြတ် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။
 
မဘသဘုန်းကြီးများနှင့် ဟောပြောသူများအားလုံးသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများ မြောက်ပိုင်းမဟာမိတ်များထံ ပေးလိုက်ရခြင်းနှင့် နိုင်ငံအနှံ့စစ်ရှုံးနေသည့် စစ်တပ်အတွက် မချိတင်ကဲဖြစ်ကာ ပေါက်ကွဲခဲ့ကြသည်။
 
အသံတိတ်သပိတ်ကိုတန်ပြန်ရန် မဘသများရန်ကုန်မြို့လယ်တွင်စုဝေး
---------------------
အာဏာသိမ်း ၃ နှစ်ပြည့်သည့်ယနေ့တွင် အတိုက်အခံများက နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် စစ်ကောင်စီကိုထောက်ခံသူများနှင့် မဘသများက ရန်ကုန်မြို့လယ်တွင် အစဉ်အလာမပြတ် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။
ဦးဝီရသူ၊ ဘူလက်ဦးလှဆွေနှင့် ဦးဝင်းကိုကိုလတ် အစရှိသည့် မဘသများ လူမြင်ကွင်းရှေ့ တကျော့ပြန်ထွက်လာပြီး စစ်တပ်ကိုထောက်ခံကြောင်း ဟောပြောခဲ့ကြသည်။
 
မဘသဘုန်းကြီးများနှင့် ဟောပြောသူများအားလုံးသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများ မြောက်ပိုင်းမဟာမိတ်များထံ ပေးလိုက်ရခြင်းနှင့် နိုင်ငံအနှံ့စစ်ရှုံးနေသည့် စစ်တပ်အတွက် မချိတင်ကဲဖြစ်ကာ ပေါက်ကွဲခဲ့ကြသည်။
 
တဖက်တွင် ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ရွာများ၌ တော်လှန်ရေး အင်အားစုများ နှိုးဆော်ထားသည့် အသံတိတ်သပိတ်တွင် ပါဝင်ခဲ့ကြပြီး နေရာအတော်များများတွင် ယခင်နေ့များနှင့်မတူဘဲ လူသူကင်းမဲ့နေခဲ့သည်။

ယနေ. သေဆုံးမှု အခြေနေ

မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ...